Monday

မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဘန်ကီမွန်းက အာဆီယံကိုတိုက်တွန်းလိုက်ခြင်း

မြန်မာ့နိုင်ငံမှာလွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာစေဖို့ အာစီယံနိုင်ငံတွေကပါ ၀ိုင်းဝန်းတာဝန်ယူကြဖို့ ကုလအထွေထွေအတွင်းရေးမှုးဘန်ကီမွန်းက ပြောကြားခဲ့ပါတယ်။ ကုလအထွေထွေညီလာခံရဲ့ သီးခြားတွေ့ဆုံမှုမှာဒီလို တိုက်တွန်းသွားတာပါ။
မြန်မာနိုင်ငံမှာ  အမျိုးသားရင်ကြားစေ့ရေးနဲ့ဒီမိုကရေစီစနစ်ကိုကူးပြောင်းနိုင်ရေးတို့အပြင်၊ လာမယ့်ရွေးကောက်ပွဲဟာ လွတ်လပ်မျှတပြီး အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့အရေးကြီးကြောင်းပြောသွားပါတယ်။ ဒီလိုလုပ်ဆောင်နိုင်အောင် ကုလနဲ့အတူ အာစီယံနိုင်ငံတွေကပါတာဝန်ယူသင့်တယ်လို့ပြောသွားခဲ့တာပါ။ အာစီယံအဖွဲ့ဝင်ဆယ်နိုင်ငံရှိပြီး၊ အဲဒီနိုင်ငံတွေကတော့ ဘရူနိုင်း၊ ကမ်ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ စင်္ကာပူနဲ့ မြန်မာတို့ပဲဖြစ်ကြပါတယ်။ 
မြန်မာနိုင်ငံကို စစ်မှန်တဲ့ဒီမိုကရေစီစနစ်ကိုကူးပြောင်းဖို့ ဖိအားပေးတာကို တောင်းဆိုနေကြတဲ့နိုင်ငံတွေက များပြားလာနေပါတယ်။ အဲဒီလိုပဲ မြန်မာစစ်အစိုးရက ကျူးလွန်ထားတယ်လို့ စွပ်စွဲခံနေရတဲ့ လူသားတွေအပေါ်ကျူးလွန်ခဲ့တယ်ဆိုတဲ့ပြစ်မှုတွေအတွက် စုံစမ်းစစ်ဆေးမှုကော်မရှင်ဖွဲ့ဖို့ကြိုးစားနေတဲ့ နိုင်ငံတွေလဲရှိနေပါတယ်။
ဒီလို ကော်မရှင်ဖွဲ့ဖို့ကို သောမတ်အိုဟေးကွင်တားနားက စတင်အကြံပြုခဲ့ပြီး အခုချိန်အထိ နိုင်ငံဆယ်နိုင်ငံကထောက်ခံထားပါတယ်။ အဲဒီနိုင်ငံတွေကတော့ သြစတြေးလျ၊ နယူးဇီလန်၊ ကနေဒါ၊ ပြင်သစ်၊ အမေရိကန်၊ ဗြိတိန်၊ နယ်သာလန်၊ စလိုဗက်ကီးယား၊ ချက်ရီပတ်ဘလစ်နဲ့ ဟန်ဂေရီနိုင်ငံတွေဖြစ်ကြပါတယ်။

No comments:

Post a Comment